အကောင်းဆုံးသော လက်ဝှေ့ဆိုင်ရာ သတင်းအချက်အလက် ဗဟို

လက်ဝှေ့အကြောင်း

လက်ဝှေ့ဆိုတာ ဘာလဲ

“ဗလာလက်သီး” ဟုအသိအမှတ်ပြုခံရသည့် “လက်ဝှေ့” ဆိုသည်မှာ ကမ္ဘာပေါ်ရှိ အပြင်းထန်ဆုံးနှင့် ရိုးရာအစဉ်အလာအကျဆုံး တိုက်ခိုက်ရေးပညာအားကစားတစ်ခုဖြစ်သည်ဟု သတ်မှတ်ကြသည်။ မြန်မာနိုင်ငံမှ ဇစ်မြစ်ခံ၍ လက်သီးထိုးခြင်း၊ တံတောင်တိုက်ခြင်း၊ ဒူးတိုက်ခြင်းနှင့် ခေါင်းတိုက်ခြင်းများ ပွဲထိုးရာတွင်ပါဝင်ခြင်းကြောင့် လက်ဝှေ့ကို “ သတ်ကိုးသတ် မောင်းကိုးမောင်း” သို့မဟုတ် “ အင်္ဂါကိုးပါး ပညာရပ်” ဟု သိကြသည်။

အခြားခေတ်သစ်တိုက်ခိုက်ရေးအားကစားများနှင့် မတူသည်မှာ လက်ဝှေ့တွင် ယှဉ်ပြိုင်သူများသည် လက်အိတ်မဝတ်ဘဲ လက်ကို ပတ်တီး၊ လက်ပတ်၊ တိပ်များဖြင့်သာ ချည်နှောင်၍ ထိုးသတ်ယှဉ်ပြိုင်ကြသည်။ ထိုအချက်သည် လက်ဝှေ့အား လွန်စွာ သဘာဝစစ်မှန် အင်အားပြင်းထန်သည့် အားကစားတစ်ခုဖြစ်စေသည်။

ယနေ့ခေတ်တွင် လက်ဝှေ့သည် ကမ္ဘာအနှံ့မှ ယှဉ်ပြိုင်သူများနှင့် ပရိသတ်များကို ဆွဲဆောင်နိုင်သော အပြင်းထန်ဆုံး ထိုးသတ်ရေးအားကစားတစ်ခုအဖြစ် နိုင်ငံတကာတွင် အသိအမှတ်ပြုခြင်း ရရှိလာသည်။

about-what-is-lethwei
history-of-lethmei

လက်ဝှေ့သမိုင်းကြောင်း

လက်ဝှေ့ သည် မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ရာစုနှစ်များစွာက ပေါ်ပေါက်ခဲ့သော ရှေးကျသော တိုက်ခိုက်ရေး အားကစားနည်း ဖြစ်သည်။ ပုဂံခေတ် (၁၂ရာစု) အထိ မှတ်တမ်းများတွေ့ရှိသည်။ ကိုယ်ခံပညာနှင့် စစ်ရေးတိုက်ခိုက်ရေးပညာအဖြစ်စတင်ခဲ့ပြီး လက်ဝှေ့ဆိုသည်မှာ လက်တွေ့အစစ်အမှန် တိုက်ပွဲအခြေအနေများတွေ ခန္ဓာကိုယ်အစိတ်အပိုင်း အကုန်လုံးအား အသုံးပြုရန် ဖန်တီးဖြစ်လာခြင်း ဖြစ်သည်။ 

လက်ဝှေ့အချိန်မှတ်တမ်း အတိုချုံး

  • ရှေးခေတ်မူလအစ – လက်ဝှေ့သည် လွန်ခဲ့သည့်ရာစုနှစ်များစွာအကြာကတည်းက ပေါ်ပေါက်ခဲ့ပြီး မူလတွင် ရှေးခေတ်မြန်မာနိုင်ငံရှိ စစ်သည်တော်များမှ တိုက်ခိုက်ရေးလေ့ကျင့်မှုနှင့် ကိုယ်ခံကာကွယ်ရေးအတွက် အသုံးပြုလေ့ကျင့်ခဲ့ကြသည်။
  • ရိုးရာပွဲတော်များ – အစောပိုင်းကာလများတွင် လက်ဝှေ့ပွဲများကို မြန်မာနိုင်ငံအနှံ့ရှိ ကျေးရွာများနှင့် မြို့နယ်များတွင် ကျင်းပသော ရိုးရာပွဲတော်များ ပျော်ပွဲရွှင်ပွဲများအတွင်း အများအားဖြင့် ကျင်းပပြုလုပ်ကြသည်။
  • ကိုလိုနီခေတ်အလွန် ကာလ – ဗြိတိသျှခေတ်လွန်ပြီးကာလတွင် ဤအားကစားသည် ပိုမိုစနစ်ကျလာပြီး စတင်၍ ကျယ်ပြန့်စွာ အသိအမှတ်ပြုမှု ရရှိလာသည်။
  • ခေတ်သစ်ခေတ် – ယခုခေတ်သစ်ကာလတွင် လက်ဝှေ့သည် အတည်တကျစည်းကမ်းသတ်မှတ်ချက်များရှိသော၊ နိုင်ငံတကာတွင် ပြိုင်ပွဲများကျင်းပသော၊ ကမ္ဘာတစ်ဝှမ်းမှ ထိုးသတ်သူများအပါအဝင် ချန်ပီယံလုပွဲပြိုင်ပွဲများတွင်ပါဝင်ယှဉ်ပြိုင်သော ပရော်ဖက်ရှင်နယ်အားကစားတစ်ခုအဖြစ်သို့ တိုးတက်ပြောင်းလဲလာပြီဖြစ်သည်။

လက်ဝှေ့၏စည်းမျဉ်းများ

အခြေခံစည်းမျဉ်းများ

ဗလာလက်သီး – လက်အိပ်မဝတ်ဘဲ ပတ်တီးနှင့် တိပ်သာပတ်၍ ထိုးသတ်ကြသည်။

အပြည့်အဝထိတွေ့မှု –
မတ်တပ်ရပ်ထိုးသတ်တိုက်ခိုက်ကြ၍ အချုပ်အသိုင်း၊ ကိုင်ပေါက်ခြင်းနှင့် မြေသို့တိုက်လှဲခြင်း စသည်တို့လည်း ပါဝင်သည်။

(၉) ခုမြောက် ခြေလက်အင်္ဂါ –
(ခြေလက်အင်္ဂါ ၈မျိုး သုံးခွင့်ရှိသော) မွေထိုင်းနှင့် မတူသည်မှာ လက်ဝှေ့တွင် ခေါင်းတိုက်ခြင်းကို တရားဝင် ခွင့်ပြုထားသည်။

ရိုးရာလက်ဝှေ့ပွဲများသည် ပိုမိုပြင်းထန်ပြီး တင်းကျပ်မှုနည်းပါးသည် –

  • ဝိတ်တန်း သတ်မှတ်ချက်မရှိခြင်း
  • အမှတ်ပေးစနစ် မရှိခြင်း
  • အလဲထိုးခြင်း၊ ပွဲရပ်ခြင်းဖြင့်သာ အနိုင်ရခြင်း

ခေတ်သစ်ပွဲများသည် စနစ်ကျစွာ ကျင်းပကြသည် –

  • စံသတ်မှတ်ထားသော ပွဲများသည် ၅ချီကြာမြင့်သည်
  • ဝိတ်တန်းများ အသုံးပြုကြသည်
  • အထူးအနားတောင်းခွင့်

အနိုင်ရရှိသူကို အောက်ပါတို့ဖြင့် ဆုံးဖြတ်လေ့ရှိသည် –

  • အလဲထိုး (KO)
    ထိုးသတ်ချက်တစ်ခုကြောင့် ယှဉ်ပြိုင်သူတစ်ဦး မထနိုင်တော့ခြင်း သို့မဟုတ် ဆက်မတိုက်ခိုက်နိုင်တော့ခြင်း
  • ဒိုင်ပွဲရပ် (TKO)
    ဒဏ်ရာရရှိမှုကြောင့် ဒိုင်လူကြီး သို့မဟုတ် ထိုးဝိုင်းဆရာဝန်က ယှဉ်ပြိုင်သူကိုကာကွယ်ရန် ပွဲကို ရပ်တန့်စေခြင်း


ရိုးရာအရ ပွဲအပြီးတွင် အလဲထိုးခြင်းမရှိပါက ပွဲကို သရေဟု သတ်မှတ်သည်။

လက်ဝှေ့တွင်သာ တွေ့ရသော ထူးခြားသည့် စည်းမျဉ်းတစ်ခုမှာ
လက်ဝှေ့သမားတစ်ဦး အလဲထိုးခံရပါက တစ်ကြိမ်သာခေါ်ခွင့်ရှိသော ၂ မိနစ် အနားတောင်းချိန်ကို ကြိုးဝိုင်းထောင့်မှနေ၍ ခေါ်နိုင်သည်။

ထိုသူ၏အဖွဲ့ထောင့်မှ သူ့ကို ပြန်လည်ထူထောင်လာရန် ကြိုးစားလုပ်ဆောင်ပြီး ပြန်လည်ထနိုင်၍ ဆက်လက်ထိုးသတ်နိုင်ပါက ပွဲကို ပြန်လည်စတင်သည်။

ဤအနားတောင်းခွင့်ကို နောက်ဆုံး ၅ချီမြှောက်တွင် အသုံးပြုခွင့်မရှိပါ။

ဒိုင်၏ အာဏာ
ဒိုင်များသည် လက်ဝှေ့သမားတစ်ဦးဦး ဆက်လက်မထိုးနိုင်ပါက ပွဲရပ်ရန် အာဏာကျယ်ပြန့်စွာရှိသည်။

အမှတ်ပေးခြင်း
ခေတ်သစ်ပြိုင်ပွဲများတွင် အမှတ်ပေးဒိုင်များသည် ပြင်းထန်မှု၊ ဒဏ်ရာရရှိမှု၊ ရှင်းလင်းစွာ ထိုးသတ်ချက်များ ထိမိမှုတို့အပေါ် မူတည်၍ အမှတ်ပေးကြသည်။

သန့်ရှင်းစွာ ထိုးသတ်ခြင်း
ပေါင်ခြံနှင့်မျက်လုံးတို့ကို ထိုးခြင်းကို လုံးဝတားမြစ်ထားပြီး ပွဲမှထုတ်ပယ်ခြင်းခံရနိုင်သည်။

ဖြစ်မနေလိုအပ်သော ကာကွယ်ရေးပစ္စည်းများ
လက်ဝှေ့သမားတိုင်းသည် သွားကာ (mouthguard) နှင့် ဂွကာ (groin guard) မဖြစ်မနေ ဝတ်ဆင်ရသည်။

လက်ပတ်ဆင်ခြင်း
လက်ပတ်ရာတွင် ပျော့ပျောင်းသည့် ၁၀၀ရာခိုင်နူန်း ဝါဂွမ်းစဖြစ်သည့်နှင့် ဆေးဘက်ဆိုင်ရာ ပတ်တီးများဖြင့်သာ ပတ်စီးရပြီး ပွဲမစတင်မီ တာဝန်ရှိသူများက စစ်ဆေးအတည်ပြုရသည်။

ဆေးပညာ စစ်ဆေးရေး
လက်ဝှေ့သမားများသည် ထိုးသတ်ခွင့်မရခင် ဦးနှောက်စစ်ဆေးမှုနှင့် ကိုယ်ခန္ဓာဆေးစစ်မှုတို့ ပြုလုပ်ရသည်။

rules-of-lethwei

နောက်ဆုံးရ ခေါင်းစဉ်များ

သတင်း

လက်ဝှေ့ ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲ ၂၀၂၆၊ အမျိုးသားအဆင့် ချန်ပီယံဆု နှစ် (၃၀) ပြည့်

၂၀၂၆ ခုနှစ် လက်ဝှေ့ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲသည် မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် လက်ဝှေ့ချန်ပီယံဆု၏ နှစ် ၃၀ ပြည့် အထိမ်းအမှတ်ဖြစ်သည်။ ပြိုင်ပွဲ၏ ဝိတ်တန်း ၆ တန်း၊ ပါဝင်ယှဉ်ပြိုင်မည့် လက်ဝှေ့သမားများ၊ ကျင်းပမည့်ရက်နှင့်နေရာ၊ ပြိုင်ပွဲပုံစံနှင့် နှစ်မိနစ်အနားတောင်းခွင့်စည်းမျဉ်း ထည့်သွင်းအသုံးပြုလာမှုတို့ကို လေ့လာဖတ်ရှုနိုင်ပါသည်။
အင်တာဗျူး

ရွှေဝါထွန်း ဘယ်လိုဖြစ်တည်လာလဲ၊ သမန်းကျားကို ဘယ်လိုအနိုင်ယူခဲ့သလဲ –
ရိုးရာလက်ဝှေ့ရဲ့ ဂန္ထဝင် သထုံရွှေဝါထွန်းနှင့် တွေ့ဆုံခြင်း

ရိုးရာလက်ဝှေ့ဂန္ထဝင် ရွှေဝါထွန်းမှ ကျေးရွာပွဲများနှင့် အောက်ခြေအဆင့်ပြိုင်ပွဲများမှစ၍ သမန်းကျားကို အနိုင်ယူပြီး မြန်မာပြည်ချန်ပီယံဖြစ်လာသည့်အထိ သူ၏ ဖြတ်သန်းမှုခရီးစဉ်ကို ပြန်လည်ပြောပြထားပါသည်။
ဆောင်းပါး

လက်တင်ထားခြင်းဖြင့် လက်ဝှေ့တွင် နေရာထိန်းချုပ်ခြင်း

လက်ဝှေ့တွင် လက်တင်ထားခြင်းက သင့်ခေါင်းကို ကာကွယ်ပေးရုံထက်ပို၍ မည်သို့လုပ်ဆောင်ပေးသည်ကို လေ့လာပါ။

ဆက်စပ်ရာ လက်ဝှေ့သမားများ