အကောင်းဆုံးသော လက်ဝှေ့ဆိုင်ရာ သတင်းအချက်အလက် ဗဟို

လက်ဝှေ့ ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲ သမိုင်းကြောင်း

လက်ဝှေ့ ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲ သမိုင်းကြောင်း

၎င်း၏သမိုင်းတစ်လျှောက် အများစုတွင် လက်ဝှေ့ကို ကစားသမားတစ်ဦး လုံးဝဆက်လက်မထိုးသတ်နိုင်တော့သည့် အခြေအနေမဟုတ်လျှင် သရေရလဒ်ဖြင့်သာ ပြီးဆုံးသည့် ရိုးရာစည်းမျဉ်းများဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။ ချန်ပီယံများသည် ၎င်းတို့၏ ဂုဏ်သတင်းကို နှစ်ပေါင်းများစွာ ယှဉ်ပြိုင်ထိုးသတ်ခြင်းဖြင့် ရယူခဲ့ကြသည်။
အဆင့်အမြင့်ဆုံး ရိုးရာပြိုင်ပွဲပုံစံမှာ ‘အလံလုပွဲ’ ဖြစ်သည်။ သို့သော် ဝိတ်တန်းအသီးသီးအတွက် ချန်ပီယံများကို စနစ်တကျ ဖော်ထုတ်ပေးနိုင်ရန် တစ်နိုင်ငံလုံးအတိုင်းအတာ တရားဝင် အသိအမှတ်ပြုကျင်းပသည့် ပြိုင်ပွဲမျိုး မရှိခဲ့ပေ။

ရိုးရာအမွေအနှစ်များကို ထိန်းသိမ်းရင်း အားကစားကို ခေတ်မီတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံရိုးရာအားကစားအဖွဲ့ချုပ်သည် ၁၉၉၆ ခုနှစ်တွင် ‘ရွှေခါးပတ်ချန်ပီယံလုပွဲ’ ကို စတင်မိတ်ဆက်ခဲ့သည်။ ၎င်းသည် စံသတ်မှတ်ထားသော ဝိတ်တန်းများ၊ ဒိုင်လူကြီး အဆုံးအဖြတ်များနှင့် အမှတ်ပေးစနစ်များ ပါဝင်သည့် ပထမဆုံး တရားဝင် တစ်နိုင်ငံလုံးအဆင့် လက်ဝှေ့ပြိုင်ပွဲ ဖြစ်လာခဲ့သည်။

lethwei-gold-belt
၁၉၉၆ခုနှစ် ပထမဆုံးအကြိမ် ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲတွင် ပေးအပ်ခဲ့သည့် ရွှေခါးပတ်ဆု

ပထမဆုံးအကြိမ်အဖြစ်၊ အလဲထိုးခြင်းမရှိဘဲ ပွဲကစားချိန်ပြည့်သွားခဲ့လျှင်တောင်မှ အနိုင်ရသူကို ကြေညာနိုင်ခဲ့ပြီး၊ ခေတ်မီအမှတ်ပေးစနစ် ပြိုင်ပွဲပုံစံဖြင့် ချန်ပီယံများကို ဖော်ထုတ်သတ်မှတ်နိုင်ခဲ့သည်။ ထို့အပြင် ယင်းပြိုင်ပွဲသည် ကြိုးဝိုင်းအတွင်း ဒိုင်လူကြီး နှစ်ဦးအစား တစ်ဦးတည်းဖြင့်သာ အကဲဖြတ်သည့် ပထမဆုံး လက်ဝှေ့ပြိုင်ပွဲလည်း ဖြစ်ခဲ့သည်။ ဤလုပ်ထုံးလုပ်နည်းသည် ခေတ်သစ်လက်ဝှေ့ပွဲများတွင် ထုံးစံအသစ်တစ်ခု ဖြစ်လာခဲ့သည်။

အဆိုပါပြိုင်ပွဲသည် လက်ဝှေ့သမိုင်းတွင် အရေးပါသော အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့သည်။ ရိုးရာလက်ဝှေ့ကို အစားထိုးခြင်းအစား၊ လက်ဝှေ့၏ ထူးခြားသော မူလလက္ခဏာကို ထိန်းသိမ်းထားရင်း အားကစားကို စနစ်တကျ ဖွဲ့စည်းစီမံနိုင်ရန် ကူညီပေးသည့် ခေတ်မီယှဉ်ပြိုင်မှုပုံစံတစ်ခုကို မိတ်ဆက်ပေးနိုင်ခဲ့သည်။

လက်ဝှေ့ပွဲစီစဉ်သူ ဦးစိုင်းဇော်ဇော်၏ ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲ သမိုင်းအကြောင်း ပြောဆိုချက်

မှတ်ချက်။ ဤဆောင်းပါးတစ်လျှောက်လုံးတွင် ဖော်ပြထားသော “ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲ” သည် မြန်မာနိုင်ငံရိုးရာအားကစားအဖွဲ့ချုပ် (နောင်တွင် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်) မှ ကြီးမှူးကျင်းပသော တရားဝင် အမျိုးသားအဆင့် ပြိုင်ပွဲကိုသာ သီးခြားရည်ညွှန်းပါသည်။ မြန်မာပြည်တွင်းနှင့် နိုင်ငံတကာရှိ အခြားသော လက်ဝှေ့ပွဲစီစဉ်သူများသည် ၎င်းတို့၏ ကိုယ်ပိုင်ချန်ပီယံခါးပတ်များ သို့မဟုတ် ဆုတံဆိပ်များကို ပေးအပ်နိုင်သော်လည်း၊ ၎င်းတို့သည် ဤရွှေခါးပတ်ချန်ပီယံပြိုင်ပွဲနှင့် သပ်သပ်စီသာ ဖြစ်သည်။

ရွှေခါးပတ်ချန်ပီယံဆိုတာ ဘာလဲ

ရွှေခါးပတ်ချန်ပီယံဆိုသည်မှာ ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲတွင် မိမိတို့သက်ဆိုင်ရာ ဝိတ်တန်းအလိုက်တွင် ဗိုလ်စွဲအနိုင်ရရှိသော လက်ဝှေ့ကစားသမားကို ခေါ်ဆိုခြင်းဖြစ်သည်။

ကစားသမားတစ်ဦးမှ အခြားတစ်ဦးထံသို့ သမိုင်းစဉ်ဆက် လက်ဆင့်ကမ်း အသိအမှတ်ပြုခံရသော အလွတ်တန်းချန်ပီယံနှင့် မတူဘဲ၊ ရွှေခါးပတ်ချန်ပီယံဘွဲ့ကို ပြိုင်ပွဲတွင် အနိုင်ရရှိမှုမှတစ်ဆင့် ရယူရသည်။ ပြိုင်ပွဲတွင် ဗိုလ်စွဲခြင်းက အနိုင်ရသူအား ရွှေခါးပတ်ချန်ပီယံဟူသော ဂုဏ်ပုဒ်ကို ရာသက်ပန် အပ်နှင်းပေးသည်။ နောင်လာမည့် ပြိုင်ပွဲများတွင် ယခင်ရွှေခါးပတ်ချန်ပီယံများကို အစားထိုးဖယ်ရှားခြင်း မဟုတ်ဘဲ၊ ပြိုင်ပွဲအနိုင်ရသူများ၏ မှတ်တမ်းစာရင်းတွင် အမည်သစ်များကို ထပ်မံဖြည့်စွက်ခြင်း ဖြစ်သည်။

ရလဒ်အနေဖြင့် တူညီသောဝိတ်တန်းတစ်ခုတည်းတွင် ရွှေခါးပတ်ချန်ပီယံ အများအပြား တစ်ပြိုင်နက် ရှိနေနိုင်ပြီး၊ ၎င်းတို့တစ်ဦးစီသည် မတူညီသောနှစ်များတွင် ပြိုင်ပွဲကို အနိုင်ရရှိခြင်းဖြင့် ယင်းဂုဏ်ပုဒ်ကို ရရှိခဲ့ကြခြင်းဖြစ်သည်။

ပထမဆုံးအကြိမ် ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲ (၁၉၉၆)

ပထမဆုံးအကြိမ် ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲကို ၁၉၉၆ ခုနှစ်တွင် ကျင်းပခဲ့ပြီး လက်ဝှေ့အတွက် ခေတ်သစ်တစ်ရပ်၏ အစကို မှတ်တမ်းတင်နိုင်ခဲ့သည်။

ဝိတ်တန်းအသီးသီးတစ်လျှောက် ချန်ပီယံများကို အောက်ပါအတိုင်း ဖော်ထုတ်သတ်မှတ်ခဲ့သည်။

အလေးချိန်ဝိတ်တန်းချန်ပီယံ
၅၁ပသျှူးလေး
၅၄ကျော်ခေါက်
၅၇ဝမ်းဒေါ်လာ
၆၀ဇော်ဝင်းထွန်း
၆၃.၅စောသဲအောင်
၆၇မိုးပုလဲ
၇၁မောင်မောင်ကြီး
၇၅ရွှေဓူဝံ
၇၅ အထက်ဝမ်ချိုင်း

ပြိုင်ပွဲတစ်လျှောက်လုံးတွင် ၎င်းတို့၏ ကစားသမားများက အကောင်းဆုံး စွမ်းဆောင်ရည်များကို ပြသနိုင်ခဲ့သောကြောင့် တံခွန်စိုက်ဆု ကို KLN ကလပ်မှ ဆွတ်ခူးရရှိခဲ့သည်။

ပြိုင်ပွဲ၏ တိုးတက်ပြောင်းလဲလာမှု

အောင်မြင်သော ပထမဆုံးပြိုင်ပွဲအပြီးတွင် ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲသည် မြန်မာနိုင်ငံ၏ အမြင့်ဆုံး အမျိုးသားအဆင့် လက်ဝှေ့ပြိုင်ပွဲကြီး ဖြစ်လာခဲ့သည်။ ၎င်းကို နှစ်စဉ်ကျင်းပရန် ရည်ရွယ်ထားသော်လည်း ပြိုင်ပွဲကို နှစ်တိုင်း အမြဲတမ်း ကျင်းပခဲ့ခြင်းတော့ မရှိပေ။

ပြိုင်ပွဲတစ်ခုစီတိုင်းသည် မြန်မာနိုင်ငံ၏ အကောင်းဆုံး လက်ဝှေ့သမားများစွာကို ထုတ်ဖော်ပြသနိုင်ခဲ့ပြီး မျိုးဆက်သစ် ရွှေခါးပတ်ချန်ပီယံများကိုလည်း မွေးထုတ်ပေးနိုင်ခဲ့သည်။

နှစ်များတစ်လျှောက် ရွှေခါးပတ်ချန်ပီယံဆုများကို ဆွတ်ခူးရရှိခဲ့သော ထင်ရှားသည့် ချန်ပီယံအချို့မှာ အောက်ပါအတိုင်း ဖြစ်သည်။

  • ရွှေဓူဝံ
  • မောင်မောင်ကြီး
  • ဝမ်ချိုင်း
  • လုံးချော
  • တွေ့မရှောင်
  • စောငမန်း
  • ကြယ်လင်းအောင်
  • ဝင်းထွန်း
  • သွေးသစ်ဝင်းလှိုင်
  • ရဲသွေးနီ

ဤကစားသမားအများစုသည် ခေတ်သစ်လက်ဝှေ့လောကတွင် အထင်ရှားဆုံးနှင့် အသိအမှတ်ပြုခံရဆုံး အမည်နာမများ ဖြစ်လာခဲ့ကြသည်။

တိုးချဲ့လာမှုနှင့် ဆင့်ကဲပြောင်းလဲလာမှု

ပြိုင်ပွဲများ တိုးတက်ကျယ်ပြန့်လာသည်နှင့်အမျှ ယှဉ်ပြိုင်ရသည့် ဝိတ်တန်းအရေအတွက်သည်လည်း အားကစားနည်းနည်းတူ အဆင့်ဆင့် ပြောင်းလဲလာခဲ့သည်။

နှစ်များကြာလာသည်နှင့်အမျှ ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲသည် အမျိုးသမီးပြိုင်ပွဲများအပါအဝင် အခြားသော အတန်းအသစ်များကိုပါ ထပ်မံမိတ်ဆက်ပေးခဲ့သည်။ ၎င်းသည် စနစ်တကျ ဖွဲ့စည်းထားသော လက်ဝှေ့အားကစား၏ ဆက်တိုက်တိုးတက်လာမှုကို ထင်ဟပ်စေပြီး နိုင်ငံ၏ အမြင့်ဆုံး ပြည်တွင်းချန်ပီယံပြိုင်ပွဲအဖြစ် ဆက်လက်ရပ်တည်နိုင်စေခဲ့သည်။

၂၀၁၈ခုနှစ် ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲ ဗိုလ်လုပွဲစဉ်၏ လက်ကမ်းစာစောင်

ပြိုင်ပွဲစာရင်းအပြည့်အစုံ

ခုနှစ်အမည်အသင်းဝိတ်တန်း (ကီလို)ပွဲသွင်းသူ
1996ပသျှူးလေးYMCA51ဦးစိုင်းဇော်ဇော်၊ ဦးမြင့်လွင်၊ ဦးသွင်ဟိန်းဇော်
ကျော်ခေါက်HERO54
ဝမ်းဒေါ်လာမန္တလေး57
ဇော်ဝင်းထွန်းHERO60
စောသဲအောင်KLN63.5
မိုးပုလဲKLN67
မောင်မောင်ကြီးKLN71
ရွှေဓူဝံKLN75
ဝမ်ချိုင်းHERO၇၅ အထက်
တံခွန်စိုက်ဆုKLN
2000သူရလင်းထွဋ်မြို့တော်စည်ပင်48ဦးတူး၊ ဦးစိုင်းဇော်ဇော်
သန့်ဇင်ထွန်းမြို့တော်စည်ပင်51
ဝင်းထွန်းသစ်တော54
နိုင်းဝမ်းလေးမြို့တော်စည်ပင်57
စောသဲမျိုးKLN60
အိန္ဒုမောင်မောင်ငြိမ်းချမ်းရေး63.5
ထိန်ချုံးမြစ်ကြီးနား67
အယ်ထီးကော်KLN71
ရွှေဓူဝံKLN75
တံခွန်စိုက်ဆုမြို့တော်စည်ပင်
2006နိုင်ဝင်းဘိလပ်မြေစက်ရုံ48ဦးစိုးသန်းဝင်း
ရွှေကျည်ဆံဘိလပ်မြေစက်ရုံ51
ဒေါနအောင်ကျွဲမင်း54
ဒေါနပန်းကျွဲမင်း57
ဝင်းထွန်းလယ်/ဆည်60
ကြယ်လင်းအောင်တောင်ကလေး63.5
သူရရဲအောင်မြန်မာပြည်သား67
ဈာန်ထူးတောင်ကလေး71
စတားဘိလပ်မြေစက်ရုံ75
လုံးချောKLNအလွတ်တန်း
တံခွန်စိုက်ဆုဘိလပ်မြေစက်ရုံ
2007စိုးမိုးဟိန်းနှစ်ရှည်48ဦးစိုးသန်းဝင်း
ရွှေကျည်ဆံဘိလပ်မြေစက်ရုံ51
စစ်သွေးဘိလပ်မြေစက်ရုံ54
စွမ်းအားရှင်နှစ်ရှည်57
တွေ့မရှောင်KLN60
ဝင်းထွန်းလယ်/ဆည်63.5
သူရရဲအောင်မြန်မာပြည်သား67
စတားဘိလပ်မြေစက်ရုံ71
ရန်ကြီးအောင်မြို့တော်စည်ပင်75
လုံးချောKLNအလွတ်တန်း
တံခွန်စိုက်ဆုဘိလပ်မြေစက်ရုံ
2009မိုးသီးတောင်ကလေး48ဦးစိုးသန်းဝင်း
စင်္ကြာမင်းရွှေကုက္ကို51
စိုးမိုးဟိန်းမျိုးဆက်သစ်54
သူ့ထက်ပိုင်တောင်ကလေး57
ဝင်းထွန်းလယ်/ဆည်60
အောင်ဇေယျဘိလပ်မြေစက်ရုံ63.5
ကြယ်လင်းအောင်တောင်ကလေး67
ရန်ကြီးအောင်မြို့တော်စည်ပင်71
စောငမန်းEVER GREEN75
တံခွန်စိုက်ဆုတောင်ကလေး
2010အောင်စစ်မင်းမျိုးဆက်သစ်48ဦးစိုင်းဇော်ဇော်၊ ဦးဌေးဝင်း
စောသဲမင်းမိုးသောက်ကြယ်51
ဝင်းတင်ရွှေကုက္ကို54
စောအုန်းမြင့်မြို့တော်စည်ပင်57
စိုးလင်းဦးတောင်ကလေး60
မိုက်တိုင်ဆန်မြို့တော်စည်ပင်63.5
လုံးချောလေးရက္ခဗျာလ67
2015ရဲသွေးနီတောင်ကလေး51ဦးစိုင်းဇော်ဇော်၊ ဦးဌေးဝင်း
စောဖြိုးဝေအဖြူရောင်သွေးသစ်54
မိုက်ရိုင်းလေးရွှေဖူး57
ကြယ်စင်ဖြိုးအဖြူရောင်သွေးသစ်60
သပြေညိုဘိလပ်မြေစက်ရုံ63.5
သွေးသစ်အောင်ရွှေကုက္ကို67
ဖျံသွေးဝါဆို71
2016စွမ်းထက်နိုင်ဗမာ့သွေး51ဦးစိုင်းဇော်ဇော်၊ ဦးဌေးဝင်း
ရဲသွေးနီတောင်ကလေး54
မိုက်ရိုင်းလေးရွှေဖူး57
စောထူးဇော်ဒို့ရိုးရာ60
သားအသည်းတစ်ပွင့်ဗမာ့သွေး63.5
သွေးသစ်ဝင်းလှိုင်ရွှေမိုးထိငြိမ်းချမ်းရေး67
ကြယ်လင်းအောင်တောင်ကလေး71
2017သပြေအောင်ဘိလပ်မြေစက်ရုံ51ဦးစိုင်းဇော်ဇော်၊ ဦးဌေးဝင်း
စိုးဝင်းသန်းရန်စစ်ငြိမ်း54
စူပါမျိုးဆက်သစ်57
စိန်လုံးချောဗမာ့သွေး60
ရန်နိုင်ထွန်းသုံးပန်လှ63.5
ဖိုးလပြည့်ရွှေဖူး67
သွေးသစ်အောင်သုံးပန်လှ71
2018သက်ပိုင်အောင်ရွှေဘားလား51ဦးစိုင်းဇော်ဇော်၊ ဦးဌေးဝင်း
လင်းထက်အောင်တောင်ကလေး54
ကောင်းကောင်းဘိလပ်မြေစက်ရုံ57
ယျှူးခလိန်းမင်းဘိလပ်မြေစက်ရုံ60
သွေးသစ်မောင်အဖြူရောင်သွေးသစ်63.5
ကျားပေါက်ရန်စစ်ငြိမ်း67
သွေးသစ်ဝင်းလှိုင်ADVENTURE71
ရွှေကိုလေး (အမျိုးသမီး)ပဲခူး53
2019သိန်းစိုးရာဇသိင်္ခ51ဦးစိုင်းဇော်ဇော်၊ ဦးဌေးဝင်း
စောရွှေလေးဒို့ရိုးရာ54
ဗျဃ္ဂကျားဖြူ57
စောမင်းနိုင်ရွှေဘားလား60
ထွန်းနိုင်ဦးSTL63.5
စိန်မျိုးအောင်ဇွဲကပင်မြေ67
ရန်နိုင်ထွန်းဇွဲကပင်မြေ71
ရွှေကိုလေး (အမျိုးသမီး)ခြင်္သေ့မင်း53

ဝင်းထွန်းနှင့် ကြယ်လင်းအောင်တို့သည် ရွှေခါးပတ်ချန်ပီယံဆုကို သုံးကြိမ်စီဖြင့် အများဆုံးရရှိထားသူများအဖြစ် ပူးတွဲရပ်တည်နေကြသည်။ စိတ်ဝင်စားဖွယ်အချက်မှာ ကြယ်လင်းအောင်သည် သူ၏ ချန်ပီယံဆုသုံးခုကို မတူညီသော ဝိတ်တန်းသုံးခု (၆၃.၅ ကီလိုဂရမ်၊ ၆၇ ကီလိုဂရမ် နှင့် ၇၁ ကီလိုဂရမ်) တွင် ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

ရွှေခါးပတ်ချန်ပီယံ ရွှေဓူဝံ၊ ဝမ်ချိုင်း၊ လုံးချော၊ စောငမန်းနှင့် သွေးသစ်ဝင်းလှိုင်တို့သည် ၎င်းတို့၏ ကစားသမားဘတစ်လျှောက် အလွတ်တန်းချန်ပီယံဘွဲ့များကို ပိုင်ဆိုင်ခဲ့ကြသည်။

အမွေအနှစ်

ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲကို စတင်မိတ်ဆက်လိုက်ခြင်းသည် ပြိုင်ပွဲဝင်လက်ဝှေ့လောက၏ အခင်းအကျင်းကို ကြီးမားစွာ ပြောင်းလဲသွားစေခဲ့သည်။

အမျိုးသားအဆင့်ပြိုင်ပွဲတစ်ခုတွင် စံသတ်မှတ်ထားသော ဝိတ်တန်းများ၊ အကဲဖြတ်အမှတ်ပေးစနစ်များကို ထည့်သွင်းမိတ်ဆက်ခြင်းဖြင့်၊ ၎င်းသည် အားကစား၏ ရိုးရာနည်းစနစ်များနှင့် တိုက်ခိုက်ရေးစိတ်ဓာတ်ကို ထိန်းသိမ်းထားလျှက် ကစားသမားများအတွက် နိုင်ငံတစ်ဝန်း အသိအမှတ်ပြုခံရမှုရရှိစေရန် စနစ်ကျသော လမ်းကြောင်းတစ်ခုကို ဖန်တီးပေးနိုင်ခဲ့သည်။

ယနေ့တိုင် ရွှေခါးပတ်ချန်ပီယံတစ်ဦးဖြစ်လာခြင်းသည် မြန်မာ့ရိုးရာလက်ဝှေ့တွင် အမြင့်မားဆုံး အောင်မြင်မှုများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေသည်။ ပြိုင်ပွဲတွင် ဗိုလ်စွဲအနိုင်ရရှိသူတိုင်းသည် ဤအားကစား၏ ခေတ်သစ်သမိုင်းကြောင်းတွင် အရေးပါသော အစိတ်အပိုင်းအဖြစ် ပါဝင်သည့် အမြဲတမ်းချန်ပီယံမှတ်တမ်းစာရင်းတွင် ပါဝင်လျှက်ရှိသည်။

နောက်ဆုံးရ ခေါင်းစဉ်များ

သတင်း

လက်ဝှေ့ ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲ ၂၀၂၆၊ အမျိုးသားအဆင့် ချန်ပီယံဆု နှစ် (၃၀) ပြည့်

၂၀၂၆ ခုနှစ် လက်ဝှေ့ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲသည် မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် လက်ဝှေ့ချန်ပီယံဆု၏ နှစ် ၃၀ ပြည့် အထိမ်းအမှတ်ဖြစ်သည်။ ပြိုင်ပွဲ၏ ဝိတ်တန်း ၆ တန်း၊ ပါဝင်ယှဉ်ပြိုင်မည့် လက်ဝှေ့သမားများ၊ ကျင်းပမည့်ရက်နှင့်နေရာ၊ ပြိုင်ပွဲပုံစံနှင့် နှစ်မိနစ်အနားတောင်းခွင့်စည်းမျဉ်း ထည့်သွင်းအသုံးပြုလာမှုတို့ကို လေ့လာဖတ်ရှုနိုင်ပါသည်။
အင်တာဗျူး

ရွှေဝါထွန်း ဘယ်လိုဖြစ်တည်လာလဲ၊ သမန်းကျားကို ဘယ်လိုအနိုင်ယူခဲ့သလဲ –
ရိုးရာလက်ဝှေ့ရဲ့ ဂန္ထဝင် သထုံရွှေဝါထွန်းနှင့် တွေ့ဆုံခြင်း

ရိုးရာလက်ဝှေ့ဂန္ထဝင် ရွှေဝါထွန်းမှ ကျေးရွာပွဲများနှင့် အောက်ခြေအဆင့်ပြိုင်ပွဲများမှစ၍ သမန်းကျားကို အနိုင်ယူပြီး မြန်မာပြည်ချန်ပီယံဖြစ်လာသည့်အထိ သူ၏ ဖြတ်သန်းမှုခရီးစဉ်ကို ပြန်လည်ပြောပြထားပါသည်။
ဆောင်းပါး

လက်တင်ထားခြင်းဖြင့် လက်ဝှေ့တွင် နေရာထိန်းချုပ်ခြင်း

လက်ဝှေ့တွင် လက်တင်ထားခြင်းက သင့်ခေါင်းကို ကာကွယ်ပေးရုံထက်ပို၍ မည်သို့လုပ်ဆောင်ပေးသည်ကို လေ့လာပါ။

အထူးဖော်ပြပါဆောင်းပါးများ

ရိုးရာလက်ဝှေ့တွင် ဘယ်အရာများကို ပြုလုပ်ခွင့်တားမြစ်ထားသလဲ
လက်ဝှေ့တွင် မည်သည့်တိုက်ခိုက်မှုနည်းစနစ်များကို တားမြစ်ထားပါသလဲ
ဖတ်ရှုပါ
လက်ဝှေ့စည်းမျဉ်းအောက်တွင် မိုနာကီမူရာကို မည်သို့ရင်ဆိုင်ထိုးသတ်မလဲ

လက်ဝှေ့စည်းမျဉ်းများအောက်တွင် မိုနာကီမူရာ၏ ပြင်းထန်အားပါသော K-1 ဘေးကန်ချက်ကစားဟန်သည် ဘယ်လိုအလုပ်လုပ်မလဲ

ဖတ်ရှုပါ
လဲနေသူထူပေးပါ - လက်ဝှေ့တွင် ဘာကြောင့် မြေပြင်တိုက်ခိုက်ရေးနည်းစနစ်တွေ မပါဝင်လဲ

လက်ဝှေ့တွင် အဘယ်ကြောင့် မြေပြင်တိုက်ခိုက်ရေး မရှိရသည်ကို လေ့လာပါ။ လက်ဝှေ့၏ ဝိသေသလက္ခဏာအတွက် မတ်တပ်ရပ်တိုက်ခိုက်ရေးကို ဗဟိုချက်ဖြစ်စေခဲ့သည့် ယဉ်ကျေးမှုဆိုင်ရာ စည်းမျဉ်းများ၊ တိုက်ခိုက်မှုဆိုင်ရာ အတွေးအခေါ်များနှင့် တိုက်ပွဲမြေပြင်မှ အမြစ်တွယ်လာမှုများအကြောင်း ဖတ်ရှုကြည့်ပါ။

ဖတ်ရှုပါ
လက်ဝှေ့ဆိုသည်မှာ ကိုယ်ခံပညာ၊ တိုက်ခိုက်ရေးအားကစား၊ ယဉ်ကျေးမှုဓလေ့

"အင်္ဂါကိုးပါးအနုပညာ" ဟု လူသိများသည့် မြန်မာ့ရိုးရာလက်ဝှေ့အားကစားအကြောင်း လေ့လာလိုက်ပါ။ စည်းမျဉ်းများ၊ ထိုးသတ်ပုံစံ၊ နည်းစနစ်များနှင့် ယဉ်ကျေးမှုဆိုင်ရာ အရေးပါမှုများကို လမ်းညွှန်ချက်အပြည့်အစုံတွင် ဖတ်ရှုနိုင်ပါသည်။

ဖတ်ရှုပါ
ခေါင်းတိုက်ခြင်း၏ သိပ္ပံ - ကိုယ်ခန္ဓာလှုပ်ရှားမှုဗေဒ၊ အန္တရာယ်များနှင့် လက်ဝှေ့တွင် ခွင့်ပြုထားခြင်းအကြောင်း

မြန်မာ့လက်ဝှေ့ရှိ ခေါင်းတိုက်ခြင်း၏ နောက်ကွယ်မှ သိပ္ပံနည်းကျ အချက်အလက်များကို လေ့လာကြည့်ပါ။ ယင်း၏ ကိုယ်ခန္ဓာလှုပ်ရှားမှုဗေဒနှင့် နည်းဗျူဟာမြောက် အသုံးပြုပုံများမှစ၍ တိုက်ခိုက်သူများ အသုံးပြုချိန်တွင် ရင်ဆိုင်ရသည့် အစစ်အမှန် အန္တရာယ်များအထိ ပါဝင်ပါသည်။

ဖတ်ရှုပါ