အကောင်းဆုံးသော လက်ဝှေ့ဆိုင်ရာ သတင်းအချက်အလက် ဗဟို

လက်ဝှေ့စတင်လေ့ကျင့်သူများအတွက် ထိပ်ဆုံးအကြံပြုချက် ၅ ချက်

လက်ဝှေ့စတင်လေ့ကျင့်သူများအတွက် ထိပ်ဆုံးအကြံပြုချက် ၅ ချက်

လက်ဝှေ့စတင်လေ့ကျင့်ခြင်းသည် စိတ်လှုပ်ရှားစရာကောင်းသလို စိုးရိမ်စရာလည်း ဖြစ်နိုင်ပါသည်။ သင့်တွင် ကိုယ်ခံပညာအတွေ့အကြုံ နှစ်ပေါင်းများစွာရှိနေပါစေ သို့မဟုတ် တစ်ကြိမ်မျှ လက်သီးမထိုးဖူးသူဖြစ်ပါစေ အောက်ပါအကြံပြုချက်ငါးချက်သည် သင့်ကို ပိုမိုစနစ်ကျစွာ လေ့ကျင့်နိုင်ရန်၊ ပိုမိုဘေးကင်းစေရန်နှင့် ပိုမိုမြန်ဆန်စွာ တိုးတက်လာစေရန် ကူညီပေးပါလိမ့်မည်။

၁။ မိမိဘာအတွက် လေ့ကျင့်နေသည်ကို သိပါစေ

အခြားအရာမျာမတိုင်ခင် ဦးစွာ သင့်ကိုယ်သင် မေးသင့်သည်မှာ သင်ဘာကြောင့် လက်ဝှေ့ကို လေ့ကျင့်မှာလဲ ဆိုသည့်အချက်ဖြစ်သည်။

ကျန်းမာကြံ့ခိုင်လို၍လား၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် သင်ယူလို၍လား၊ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားတစ်ဦး ဖြစ်ချင်၍လား၊ အတွေ့အကြုံကို စိတ်ဝင်စားရုံသက်သက်လား သို့မဟုတ် တစ်နေ့တွင် ပြန်လည်သင်ကြားပေးရန်ပင်အတွက်လား။

ကျန်းမာကြံ့ခိုင်ရေးအတွက် လေ့ကျင့်သူတစ်ဦးသည် အခြေခံနည်းစနစ်မျာ လေ့ကျင့်ရန်၊ နှလုံးနှင့်သက်လုံပိုင်း ကျန်းမာရေးကောင်းမွန်စေရန်နှင့် ခွန်အားနှင့် ကြံ့ခိုင်မှုကို တည်ဆောက်ရန်အတွက် အချိန်အများစုကို အသုံးပြုပေမည်။ ပြိုင်ပွဲဝင်ရန် မျှော်လင့်ထားသူတစ်ဦးအတွက်မူ စနစ်တကျ တစ်ဦးချင်း ထိုးသတ်ရေးလေ့ကျင့်ခြင်း၊ အချုပ်အသိုင်းလေ့ကျင့်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ပိုမိုကြံ့ခိုင်မှုရှိခြင်းနှင့် စည်းမျဉ်းများကို သေချာစွာနားလည်ထားခြင်းတို့ လိုအပ်လာမည်ဖြစ်သည်။

သင်၏ ရည်မှန်းချက်က သင်၏လေ့ကျင့်မှုကို ပုံဖော်ပေးသင့်သည်။ သင်၏လေ့ကျင့်မှုသည် သင်၏ ရည်မှန်းချက်များ၊ လက်ရှိ ကျန်းမာကြံ့ခိုင်မှုအဆင့်နှင့် သင့်တွင်ရှိပြီးသား ယခင် အားကစား သို့မဟုတ် ကိုယ်ခံပညာ အတွေ့အကြုံတို့ကို ထင်ဟပ်နေသင့်သည်။

၂။ လက်အိတ်စွပ်ပါ

လက်ဝှေ့နှင့်ပတ်သက်ပြီး ကြီးမာသည့်အထင်အမြင်လွဲမှားမှုတစ်ခုမှာ လေ့ကျင့်ရေးတိုင်းကို လက်ဗလာဖြင့် ပြုလုပ်သည်ဟု ထင်မြင်နိုင်ခြင်းဖြစ်သည်။

ထိုအချက်က သင့်ကို စိုးရိမ်စေပါက စိတ်ပူရန် မလိုအပ်ပါ။ ယနေ့ခေတ်တွင် ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားများပင်လျှင် သူတို့၏ လေ့ကျင့်ချိန်အများစုကို လက်အိတ်စွပ်ကာ လေ့ကျင့်ကြသည်။

အကယ်၍ သင်သည် လက်ဗလာဖြင့် လေ့ကျင့်ရန် စိတ်အားထက်သန်နေပါက သင့်လက်များ အသားကျရန် အချိန်ယူရမည်ကို သတိရပါ။ လက်အိတ်များသည် ပွန်းပဲ့ထိခိုက်မှုများကို လျှော့ချပေးပြီး လက်ဒဏ်ရာရနိုင်ခြေကို လျှော့ချပေးကာ နည်းစနစ်များကို ပိုမိုလေ့ကျင့်နိုင်စေသည်။

လက်အိတ်ဖြင့် လေ့ကျင့်ခြင်းသည် “စစ်မှန်မှုလျော့နည်းသွားခြင်း” မဟုတ်ပါ။ ၎င်းသည် သင့်စွမ်းဆောင်ရည်များကို တည်ဆောက်ရန်အတွက် ပိုမိုကောင်းမွန်သော နည်းလမ်းတစ်ခုသာ ဖြစ်သည်။

သင်သည် နည်းစနစ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာအရ အသင့်ဖြစ်နေပြီဟု သင့်နည်းပြက ယုံကြည်သည့်အချိန်ရောက်မှသာ လက်ဗလာဖြင့် လေ့ကျင့်ခြင်းကို ပြုလုပ်ပါ။

၃။ ခေါင်းတိုက်ခြင်းများနှင့် ပတ်သက်၍ စိတ်ရှည်ပါ

ခေါင်းတိုက်ခြင်းသည် လက်ဝှေ့၏ အဓိက နည်းစနစ်တစ်ခု ဖြစ်သော်လည်း စတင်လေ့ကျင့်သူများအနေဖြင့် အလျင်စလို လုပ်ဆောင်သင့်သည့်အရာ မဟုတ်ပါ။

ဤနည်းစနစ်သည် လက်ဝှေ့တွင် တမူထူးခြားစွာရှိသောကြောင့် အသစ်ပါဝင်လာသူအများစုက ၎င်းတို့ကို သင်ယူရန် စိတ်အားထက်သန်ကြသည်။ လက်တွေ့တွင် ယုံကြည်စိတ်ချရသောနည်းပြများသည် ခေါင်းတိုက်ခြင်းကို မသင်ပေးမီ သင်ယူသူများအနေဖြင့် အခြေခံနည်းစနစ်များခိုင်မာသည်အထိ စောင့်ဆိုင်းလေ့ရှိသည်။ ဟန်ချက်ညီမှု၊ အကွာအဝေး ထိန်းချုပ်မှု၊ အချိန်ကိုက်လုပ်ဆောင်မှုနှင့် အချုပ်အသိုင်းအတွင်း ထိန်းချုပ်မှုတို့သည် ဦးစွာလာရမည့်အရာများ ဖြစ်သည်။

သင် ခေါင်းတိုက်ခြင်းကို စတင်သင်ယူသည့်အခါ သတိထား၍ ချဉ်းကပ်ပါ။ ၎င်းတို့သည် တိကျသော နေရာယူမှုနှင့် ထိန်းချုပ်မှုတို့ လိုအပ်ပြီး အမှားလုပ်မိပါက သင်နှင့် သင့်လေ့ကျင့်ဖော် နှစ်ဦးစလုံးကို အလွယ်တကူ ဒဏ်ရာရစေနိုင်သည်။

သင့်အခြေခံများကို ဦးစွာ တည်ဆောက်ထားပါက အချိန်တန်သည့်အခါ ခေါင်းတိုက်ခြင်းများကို ဘေးကင်းပြီး ထိရောက်စွာ အသုံးပြုနိုင်ရန် သင်ပိုမို အသင့်ဖြစ်နေပါလိမ့်မည်။

၄။ အချုပ်အသိုင်းလေ့ကျင့်မှုများစွာ လုပ်ရမည်ကို ကြိုတင်မျှော်လင့်ထားပါ

သင်သည် လက်ဝှေ့စနစ်တစ်ခုလုံးကို အပြည့်အစုံ သင်ယူလိုပါက အချုပ်အသိုင်းလေ့ကျင့်ရာတွင် အချိန်များစွာ ပေးရမည်ဟု ကြိုတင်မျှော်လင့်ထားပါ။

စတင်လေ့ကျင့်သူများသည် လက်ဝှေ့ကို မရပ်မနား လက်သီးထိုးခြင်း၊ ကန်ခြင်း၊ တံတောင်တိုက်ခြင်းနှင့် ခေါင်းတိုက်ခြင်းများဟု မြင်ယောင်ထားနိုင်သည်။ လက်တွေ့တွင်မူ လေ့ကျင့်မှု၏ သိသာသော အစိတ်အပိုင်းတစ်ခုမှာ အချုပ်အသိုင်းလေ့ကျင့်မှုအတွက် ဖြစ်သည်။ ပြိုင်ဘက်၏ ကိုယ်နေဟန်ထားကို မည်သို့ထိန်းချုပ်ရမည်၊ မိမိ၏ဟန်ချက်ကို မည်သို့ထိန်းသိမ်းရမည်၊ အခွင့်အရေးများ မည်သို့ဖန်တီးရမည်နှင့် အနီးကပ်အကွာအဝေးတွင် မည်သို့ထိရောက်စွာ တိုက်ခိုက်ရမည်တို့ကို သင်ယူရမည်ဖြစ်သည်။

လေ့ကျင့်ရေးအချိုန်တစ်ချိန်လုံး အချုပ်အသိုင်းကိုသာ အာရုံစိုက်ခြင်းမျိုးကို မအံ့သြပါနှင့်။ ၎င်းသည် လက်ဝှေ့၏ အခြေခံအကျဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ၎င်းကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ခြင်းသည် ဘက်စုံတော်သော လေ့ကျင့်သူတစ်ဦးဖြစ်လာရန် မရှိမဖြစ်လိုအပ်သည်။

၅။ “ဂျောချိုးထားပါ” ဟူသောစကားကို ထပ်တလဲလဲ ကြားရမည်ဟု မျှော်လင့်ထားပါ

သင့်နည်းပြထံမှ သင်စတင်ကြားရမည့် အခြေခံလမ်းညွှန်ချက်များထဲမှ တစ်ခုမှာ “ဂျောချိုးထားပါ” သို့မဟုတ် “ခေါင်းချိုးထားပါ” ဟူ၍ ဖြစ်သည်။ “ဂျော” ဆိုသည်မှာ အင်္ဂလိပ်စကား “Jaw” ဖြစ်သည်။ သင့် မေးစေ့ သို့မဟုတ် မေးရိုးကို ချိုးထား၊ ခေါက်ထား၊ ငိုက်ထားပါဟု ဆိုလိုပါသည်။ သင်၏ လက်ဝှေ့ခရီးလမ်းတစ်လျှောက်လုံးတွင် ထိုစကားကို ထပ်တလဲလဲ ကြားနေရမည်ဖြစ်သည်။

မေးစေ့ကို ချိုးထားခြင်းက သင့်မေးရိုးကို ကာကွယ်ပေးပြီး တိုက်ခိုက်မှုများနှင့် ထိတွေ့နိုင်ခြေ လျှော့ချပေးကာ အနီးကပ်ထိုးသတ်ချိန်များတွင် ပြိုင်ဘက်က သင့်အား ရှင်းလင်းစွာ ခေါင်းတိုက်နိုင်ရန်ကို ပိုမိုခက်ခဲစေသည်။ ယင်းမှာ ကြမ်းပြင်ကို ကြည့်နေခြင်း သို့မဟုတ် ပခုံးများကို ကုန်းထားခြင်းဟု မဆိုလိုပါ။ ဆိုလိုသည်မှာ ကောင်းမွန်သော ကိုယ်နေဟန်ထားကို ထိန်းသိမ်းထားစဉ် သင့်မေးစေ့ကို သင့်လက်အကာအကွယ်၏ နောက်တွင် လုံခြုံစွာ ချိုးချထားခြင်းသာ ဖြစ်သည်။

အတွေ့အကြုံရင့် ကျွမ်းကျင်သော တိုက်ခိုက်ရေးသမားများပင်လျှင် တစ်ခါတစ်ရံ ဤအခြေခံအကျင့်ကို မေ့လျော့ခြင်းကြောင့် ဒဏ်ရာရတတ်ကြသည်။ ထို့ကြောင့် နည်းပြများက စတင်လေ့ကျင့်သူများရော၊ ပရော်ဖက်ရှင်နယ်များကိုပါ မေးစေ့ချိုးထားရန် ဆက်လက်သတိပေးကြခြင်း ဖြစ်သည်။ ၎င်းသည် သင်နောက်ဆုံးတွင် ပြီးဆုံးတတ်မြောက်သွားမည့် အစပိုင်းလေ့ကျင့်ခန်းတစ်ခုမျိုး မဟုတ်ပါ။ ၎င်းသည် အမြဲတမ်း အာရုံစိုက်နေရန် လိုအပ်သည့် တစ်သက်တာ အလေ့အကျင့်တစ်ခု ဖြစ်သည်။


သင်သည် သင်၏ပထမဆုံး ကိုယ်ခံပညာသင်တန်းသို့ ဝင်ရောက်လာသည်ဖြစ်စေ၊ အခြားသောကိုယ်ခံပညာရပ်တစ်ခုမှ ကူးပြောင်းလာသည်ဖြစ်စေ၊ ရေရှည်တိုးတက်မှုသည် ခိုင်မာသောအခြေခံများကို တည်ဆောက်ခြင်း၊ ရည်ရွယ်ချက်ဖြင့် လေ့ကျင့်ခြင်း၊ အန္တရာယ်များကို အလေးထားခြင်းနှင့် တစ်ဆင့်ချင်း တိုးတက်အောင် လုပ်ဆောင်ခြင်းတို့မှ ရရှိလာခြင်းဖြစ်သည်။

အခြေခံများကို ဦးစွာ ကျွမ်းကျင်အောင် လုပ်ပါ။ သင်အဆင်သင့်ဖြစ်ချိန်တွင် ပိုမိုခက်ခဲသော နည်းစနစ်များသည် သင့်အတွက် ရှိနေမည်ဖြစ်သည်။

နောက်ဆုံးရ ခေါင်းစဉ်များ

သတင်း

လက်ဝှေ့ ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲ ၂၀၂၆၊ အမျိုးသားအဆင့် ချန်ပီယံဆု နှစ် (၃၀) ပြည့်

၂၀၂၆ ခုနှစ် လက်ဝှေ့ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲသည် မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် လက်ဝှေ့ချန်ပီယံဆု၏ နှစ် ၃၀ ပြည့် အထိမ်းအမှတ်ဖြစ်သည်။ ပြိုင်ပွဲ၏ ဝိတ်တန်း ၆ တန်း၊ ပါဝင်ယှဉ်ပြိုင်မည့် လက်ဝှေ့သမားများ၊ ကျင်းပမည့်ရက်နှင့်နေရာ၊ ပြိုင်ပွဲပုံစံနှင့် နှစ်မိနစ်အနားတောင်းခွင့်စည်းမျဉ်း ထည့်သွင်းအသုံးပြုလာမှုတို့ကို လေ့လာဖတ်ရှုနိုင်ပါသည်။
အင်တာဗျူး

ရွှေဝါထွန်း ဘယ်လိုဖြစ်တည်လာလဲ၊ သမန်းကျားကို ဘယ်လိုအနိုင်ယူခဲ့သလဲ –
ရိုးရာလက်ဝှေ့ရဲ့ ဂန္ထဝင် သထုံရွှေဝါထွန်းနှင့် တွေ့ဆုံခြင်း

ရိုးရာလက်ဝှေ့ဂန္ထဝင် ရွှေဝါထွန်းမှ ကျေးရွာပွဲများနှင့် အောက်ခြေအဆင့်ပြိုင်ပွဲများမှစ၍ သမန်းကျားကို အနိုင်ယူပြီး မြန်မာပြည်ချန်ပီယံဖြစ်လာသည့်အထိ သူ၏ ဖြတ်သန်းမှုခရီးစဉ်ကို ပြန်လည်ပြောပြထားပါသည်။
ဆောင်းပါး

လက်တင်ထားခြင်းဖြင့် လက်ဝှေ့တွင် နေရာထိန်းချုပ်ခြင်း

လက်ဝှေ့တွင် လက်တင်ထားခြင်းက သင့်ခေါင်းကို ကာကွယ်ပေးရုံထက်ပို၍ မည်သို့လုပ်ဆောင်ပေးသည်ကို လေ့လာပါ။

အထူးဖော်ပြပါဆောင်းပါးများ

ရိုးရာလက်ဝှေ့တွင် ဘယ်အရာများကို ပြုလုပ်ခွင့်တားမြစ်ထားသလဲ
လက်ဝှေ့တွင် မည်သည့်တိုက်ခိုက်မှုနည်းစနစ်များကို တားမြစ်ထားပါသလဲ
ဖတ်ရှုပါ
လက်ဝှေ့စည်းမျဉ်းအောက်တွင် မိုနာကီမူရာကို မည်သို့ရင်ဆိုင်ထိုးသတ်မလဲ

လက်ဝှေ့စည်းမျဉ်းများအောက်တွင် မိုနာကီမူရာ၏ ပြင်းထန်အားပါသော K-1 ဘေးကန်ချက်ကစားဟန်သည် ဘယ်လိုအလုပ်လုပ်မလဲ

ဖတ်ရှုပါ
လဲနေသူထူပေးပါ - လက်ဝှေ့တွင် ဘာကြောင့် မြေပြင်တိုက်ခိုက်ရေးနည်းစနစ်တွေ မပါဝင်လဲ

လက်ဝှေ့တွင် အဘယ်ကြောင့် မြေပြင်တိုက်ခိုက်ရေး မရှိရသည်ကို လေ့လာပါ။ လက်ဝှေ့၏ ဝိသေသလက္ခဏာအတွက် မတ်တပ်ရပ်တိုက်ခိုက်ရေးကို ဗဟိုချက်ဖြစ်စေခဲ့သည့် ယဉ်ကျေးမှုဆိုင်ရာ စည်းမျဉ်းများ၊ တိုက်ခိုက်မှုဆိုင်ရာ အတွေးအခေါ်များနှင့် တိုက်ပွဲမြေပြင်မှ အမြစ်တွယ်လာမှုများအကြောင်း ဖတ်ရှုကြည့်ပါ။

ဖတ်ရှုပါ
လက်ဝှေ့ဆိုသည်မှာ ကိုယ်ခံပညာ၊ တိုက်ခိုက်ရေးအားကစား၊ ယဉ်ကျေးမှုဓလေ့

"အင်္ဂါကိုးပါးအနုပညာ" ဟု လူသိများသည့် မြန်မာ့ရိုးရာလက်ဝှေ့အားကစားအကြောင်း လေ့လာလိုက်ပါ။ စည်းမျဉ်းများ၊ ထိုးသတ်ပုံစံ၊ နည်းစနစ်များနှင့် ယဉ်ကျေးမှုဆိုင်ရာ အရေးပါမှုများကို လမ်းညွှန်ချက်အပြည့်အစုံတွင် ဖတ်ရှုနိုင်ပါသည်။

ဖတ်ရှုပါ
ခေါင်းတိုက်ခြင်း၏ သိပ္ပံ - ကိုယ်ခန္ဓာလှုပ်ရှားမှုဗေဒ၊ အန္တရာယ်များနှင့် လက်ဝှေ့တွင် ခွင့်ပြုထားခြင်းအကြောင်း

မြန်မာ့လက်ဝှေ့ရှိ ခေါင်းတိုက်ခြင်း၏ နောက်ကွယ်မှ သိပ္ပံနည်းကျ အချက်အလက်များကို လေ့လာကြည့်ပါ။ ယင်း၏ ကိုယ်ခန္ဓာလှုပ်ရှားမှုဗေဒနှင့် နည်းဗျူဟာမြောက် အသုံးပြုပုံများမှစ၍ တိုက်ခိုက်သူများ အသုံးပြုချိန်တွင် ရင်ဆိုင်ရသည့် အစစ်အမှန် အန္တရာယ်များအထိ ပါဝင်ပါသည်။

ဖတ်ရှုပါ