အကောင်းဆုံးသော လက်ဝှေ့ဆိုင်ရာ သတင်းအချက်အလက် ဗဟို

လက်ဝှေ့ကို ဘာကြောင့် “L-E-T-H-W-E-I” ဟု စာလုံးပေါင်းသလဲ

လက်ဝှေ့ကို ဘာကြောင့် “L-E-T-H-W-E-I” ဟု စာလုံးပေါင်းသလဲ

အခြားဆောင်းပါးတစ်ပုဒ်တွင်၊ လက်ဝှေ့ကို အင်္ဂလိပ်စကားဖြင့် ခေါ်ဆိုရာတွင် ‘Myanmar Kickboxing’ သို့မဟုတ် အခြာအလားတူအမည်တစ်ခုခုဖြင့် ဘာသာပြန်ခေါ်ဆိုမည့်အစား ဘာကြောင့် ‘Lethwei’ ဟု ခေါ်ဆိုရကြောင်း ကျွန်ုပ်တို့ ဆွေးနွေးခဲ့ကြသည်။ ဤအားကစားနည်းကို မြန်မာဘာသာဖြင့် တိုက်ရိုက်အသံထွက်သည့်အခါ အခြားပြဿနာတစ်ခု ပေါ်ပေါက်လာသည်။ ၎င်းမှာ လက်ဝှေ့ကို အင်္ဂလိပ်လို မည်သို့ စာလုံးပေါင်းမည်နည်း။

ယနေ့ခေတ်တွင် လက်ဝှေ့ကို “Lethwei” ဟု စာလုံးပေါင်းခြင်းကို အတော်လေး စံသတ်မှတ်ချက်အဖြစ် အသုံးပြုပြီးဖြစ်သည်။ သို့သော် အချို့သောအခြေအနေများတွင် Let Whay, Letwhay, Letwei စသည့် ယခင်သုံး စာလုံးပေါင်းများ သို့မဟုတ် ကွဲလွဲမှုများကို တွေ့ကြုံမိနိုင်သေးသည်။

ဘာကြောင့် လက်ဝှေ့ကို Lethwei ဟု အများဆုံး ရေးသားကြသလဲ။ ဘာကြောင့် ကွဲလွဲမှုများ ရှိနေရသလဲ။

အဖြေမှာ ကိုယ်ခံပညာနှင့် သက်ဆိုင်မှုနည်းပြီး ဘာသာစကားနှင့် ပိုမိုသက်ဆိုင်နေသည်။ တိတိကျကျဆိုရလျှင် မြန်မာစကားလုံးများကို ‘Latin’ လက်တင်အက္ခရာဖြင့် ကိုယ်စားပြုဖော်ပြရာတွင် ကြုံတွေ့ရသော အခက်အခဲများကြောင့် ဖြစ်သည်။

မူလမြန်မာစကားလုံး

“Lethwei” ဆိုသော စကားလုံးသည် မြန်မာစကားလုံး “လက်ဝှေ့” မှ လာသည်။

ဤစကားလုံးသည် အစိတ်အပိုင်းနှစ်ခု ပေါင်းစပ်ထားသော စကားလုံးဖြစ်သည်

  • လက် (let/lak) – လက်နှစ်ဖက်မှလာသည်
  • ဝှေ့ (hwei) – “ဝှေ့ယမ်းရန်”, “ရိုက်ခတ်ရန်” သို့မဟုတ် “ထိုးကြိတ်ရန်” ဟု အဓိပ္ပာယ်ရသည်။

၎င်းတို့ နှစ်ခုပေါင်းလိုက်သောအခါ လက်သီးထိုးခြင်း သို့မဟုတ် လက်ဖြင့်တိုက်ခိုက်ခြင်းကို ရည်ညွှန်းပြီး ယနေ့ခေတ်တွင် မြန်မာ့ရိုးရာ လက်ဗလာတိုက်ခိုက်ရေး အားကစားကို ခေါ်ဆိုရန် အသုံးပြုကြသည်။

ဤစကားလုံးကို အင်္ဂလိပ်အက္ခရာများ အသုံးပြု၍ ရေးသားရန် ကြိုးစားသောအခါ အခက်အခဲ စတင်တော့သည်။

ရောမအက္ခရာဖလှယ်ခြင်း ပြဿနာ

အင်္ဂလိပ်ဘာသာစကားသည် လက်တင် (ရောမ)အက္ခရာကို အသုံးပြုသည်။ အခြားဘာသာစကားများကို အင်္ဂလိပ်ဘာသာစကားတွင် ပြောင်းလဲတင်ပြသည့်ဖြစ်စဉ်ကို ရောမအက္ခရာသို့ပြောင်းလဲခြင်း (Romanization) ဟု ခေါ်ပါသည်။

အချို့သော ဘာသာစကားများနှင့် မတူဘဲ မြန်မာဘာသာစကားတွင် (ဂျပန်ဘာသာစကားကဲ့သို့) လူတိုင်းအသုံးပြုသော ရောမအက္ခရာသို့ပြောင်းလဲခြင်းစနစ် တစ်ခုတည်းဟူ၍ မရှိခဲ့ပါ။

“လက်ဝှေ့” ၏ အသံထွက်ကို အပြည်ပြည်ဆိုင်ရာ သဒ္ဒဗေဒအက္ခရာ (International Phonetic Alphabet) တွင် /lɛʔʍḛ/ အဖြစ် အနီးစပ်ခန့်မှန်းခြေ ဖော်ပြထားသည်။ ရောမအက္ခရာသို့ပြောင်းလဲခြင်း နည်းလမ်းများစွာ အဆိုပြုခဲ့ကြသည်။

စနစ်ရောမအက္ခရာဖလှယ်ခြင်း
MLCTSlakhwe.
ALA-LClakʻvheʹ
BGN/PCGNlethwe.
Okellleʔhweí

ဤဇယားက ပြသနေသည့်အတိုင်း၊ ‘လက်ဝှေ့’ကို လက်တင်အက္ခရာများကို အသုံးပြု၍ ရေးသားရန် အားလုံးလက်ခံထားသော တစ်ခုတည်းသောနည်းလမ်း မရှိပါ။

အစိုးရအေဂျင်စီများ၊ ပညာရှင်များ၊ စာအုပ်ထုတ်ဝေသူများ၊ ဘာသာပြန်သူများနှင့် အဖွဲ့အစည်း အသီးသီးသည် မြန်မာစာကို လက်တင်အက္ခရာများအဖြစ် ပြောင်းလဲရာတွင် မတူညီသော နည်းလမ်းများကို အသုံးပြုခဲ့ကြသည်။ ရလဒ်အနေဖြင့် မြန်မာစကားလုံးများစွာသည် အင်္ဂလိပ်စာလုံးပေါင်း မျိုးစုံဖြင့် ထွက်ပေါ်လာသည်။

“လက်ဝှေ့” ဟူသော စကားလုံးသည်လည်း ဤကဲ့သို့ပင်ဖြစ်သည်။

အသုံးပြုထားသော ရောမအက္ခရာဖလှယ်ခြင်းစနစ်အပေါ် မူတည်၍ ၎င်းကို အောက်ပါအတိုင်း တွေ့ရသည်

  • Lethwei
  • Let-hwei
  • Lethwe
  • Lakhwe
  • Lek Whay
  • Let Whay

ဤစာလုံးပေါင်းများအားလုံးသည် “လက်ဝှေ့”ဟု စကားလုံးတစ်လုံးတည်းကိုသာ ရည်ညွှန်းသည်။

အမှန်တွင်၊ ဘာသာဗေဒဆိုင်ရာ ရောမအက္ခရာဖလှယ်ခြင်းစနစ်များသည် ကိုယ်ခံပညာပရိသတ်များနှင့် ရင်းနှီးကျွမ်းဝင်သော စာလုံးပေါင်းများနှင့် လုံးဝကွဲပြားသော စာလုံးပေါင်းများကို မကြာခဏ ထုတ်လုပ်ပေးလေ့ရှိသည်။ မတူညီသော စနစ်များသည် မတူညီသော ရည်မှန်းချက်များကို ဦးစားပေးကြသည်။ အချို့စနစ်များသည် မူလမြန်မာစာလုံးပေါင်းကို ထိန်းသိမ်းရန် ဦးစားပေးကြပြီး အချို့စနစ်များကမူ အသံထွက်နှင့် အနီးစပ်ဆုံးဖြစ်ရန် ဦးစားပေးကြသည်။ ထို့အပြင် “လက်ဝှေ့” သည် သီးခြားစကားလုံးနှစ်လုံးကို ပေါင်းစပ်ဖွဲ့စည်းထားသော နှစ်သံထွက်စကားလုံး ဖြစ်သောကြောင့် အချို့က နေရာလွတ်၊ အချို့က တုံးတို (hyphen) ထည့်ကြပြီး အချို့ကမူ မထည့်ကြပါ။

ထို့ကြောင့် ဘာသာဗေဒအရ အမှန်ကန်ဆုံးဖြစ်သည်ဟု အားလုံးသဘောတူသော စာလုံးပေါင်းတစ်ခုတည်း မရှိခြင်းဖြစ်သည်။

သို့ဆိုလျှင် ဘာကြောင့် “Lethwei”ဟု စာလုံးပေါင်းက အနိုင်ရခဲ့သလဲ

ဤအားကစားနည်းကို Lethwei ဟု စာလုံးပေါင်းသင့်ကြောင်း တရားဝင် အဖွဲ့အစည်းတစ်ခုခုက ကြေညာခဲ့ခြင်းဖြစ်မည်ဟု လူအများက ယူဆနိုင်ကြသည်။

အများပြည်သူ လေ့လာသိရှိနိုင်သော အထောက်အထားများအရ ထိုသို့မဟုတ်ကြောင်း တွေ့ရသည်။

ဤစာလုံးပေါင်းကို တရားဝင် စံသတ်မှတ်ပေးခဲ့သည့် အစိုးရအဖွဲ့အစည်းတစ်စုံတစ်ခု၏ အမိန့်ကြေညာစာ၊ ဘာသာဗေဒဆိုင်ရာ ထုတ်ပြန်ချက် သို့မဟုတ် အားကစားအဖွဲ့အစည်း၏ ဆုံးဖြတ်ချက်ဟူ၍ မရှိပါ။

ယင်းအစား Lethwei သည် လူများအသုံးပြုမှုမှတစ်ဆင့် စံနှုန်းစာလုံးပေါင်း ဖြစ်လာခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ၊ လက်ဝှေ့သမားများ၊ ပွဲစီစဉ်သူများ၊ သတင်းထောက်များ၊ အဖွဲ့အစည်းများ၊ စာရေးဆရာများနှင့် ပရိသတ်များသည် ဤအားကစားအကြောင်း အင်္ဂလိပ်လိုရေးသားရာတွင် “Lethwei” ဟူသော စာလုံးပေါင်းကို ပိုမိုအသုံးပြုလာခဲ့ကြသည်။ လုံလောက်သော လူဦးရေတစ်ခုက ၎င်းကို အသုံးပြုလာသောအခါ၊ ထိုစာလုံးပေါင်းသည် သူ့အလိုလို ခိုင်မာလာခဲ့သည်။

ယနေ့ခေတ်တွင် ၎င်းသည် နိုင်ငံတကာက သိရှိသော စာလုံးပေါင်း ဖြစ်နေပြီဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုရသော် လက်ဝှေ့ကို “L-E-T-H-W-E-I” ဟု စာလုံးပေါင်းရခြင်းမှာ တရားဝင် ဘာသာစကားအဖွဲ့အစည်းတစ်ခုခုက ၎င်းကို တစ်ခုတည်းသော မှန်ကန်သည့် ရောမအက္ခရာဖလှယ်ခြင်းဖြစ်သည်ဟု ကြေညာခဲ့ခြင်းမျိုးကြောင့် မဟုတ်ဘဲ၊ သက်ဆိုင်ရာ အသိုင်းအဝိုင်းက စုပေါင်းသတ်မှတ်လိုက်သော စာလုံးပေါင်းဖြစ်သောကြောင့် ဖြစ်သည်။

ဤဖြစ်စဉ်သည် ဘာသာစကားနယ်ပယ်တစ်လျှောက်လုံးတွင် အများအားဖြင့် ဖြစ်ပွားလေ့ရှိသည်။ စကားလုံးများစွာသည် တရားဝင် စည်းမျဉ်းသတ်မှတ်ခြင်းကြောင့်မဟုတ်ဘဲ ပုံစံတစ်ခုက အခြားယှဉ်ပြိုင်နေသော ပုံစံများထက် နောက်ဆုံးတွင် ပိုမိုလူကြိုက်များလာသောကြောင့် စံသတ်မှတ်ချက် ဖြစ်လာကြခြင်းဖြစ်သည်။

လူအများစုသည် ၎င်းကို အသံထွက်မှားယွင်းစွာ ထွက်လေ့ရှိကြသည်

“Lethwei” ဟူသော စာလုံးပေါင်းက အသံထွက်နှင့် ပတ်သက်၍ မှားယွင်းစေသည့်ထောင်ချောက်တစ်ခုကို ဖန်တီးပေးနေသည်။ အင်္ဂလိပ်စကားပြောသူ အများစုသည် ဤစကားလုံးကို ဗီဇအရ အောက်ပါအတိုင်း ခွဲခြားအသံထွက်တတ်ကြသည်:

Leth + Wei

ဤကောက်ချက်သည် အင်္ဂလိပ်စာဖတ်သူများအတွက် သဘာဝကျပုံရသည်။ “th” အက္ခရာများကို အသံတစ်ခုတည်းအဖြစ် အများအားဖြင့် သတ်မှတ်လေ့ရှိပြီး “wei” သည် “weigh” သို့မဟုတ် “way” ကဲ့သို့သော စကားလုံးများတွင် တွေ့ရသည့် ရှည်လျားစွာ အသံဆွဲသည့် ပုံစံနှင့် ဆင်တူနေသည်။ ဤပေါင်းစပ်မှုကြောင့် မြန်မာမဟုတ်သူ အများစုသည် ဝဏ္ဏ (အသံဖြတ်တောက်မှု) (syllable) များကို ရောထွေး၍ အသံထွက် မှားယွင်းကြပြီး စကားလုံး၏ အဆုံးသတ်ကို “Leth-weyyyy” ‘လက်သ်ဝေး’ သို့ ‘လက်သွေး’ ဟု အသံဆွဲကာ ထွက်တတ်လေ့ရှိကြသည်။

၎င်းသည် မူလဗမာစကားလုံး ဖွဲ့စည်းထားသော ပုံစံ သို့မဟုတ် အသံထွက်မဟုတ်ပါ။ ဤစကားလုံးကို အောက်ပါအတိုင်း ခွဲခြားခြင်းက ပို၍မှန်ကန်သည်

Let + Hwei

စကားလုံးခွဲခြားမှုသည် t နှင့် h ကြားတွင် ဖြစ်ပေါ်ပြီး h နှင့် w ကြားတွင် မဟုတ်ပါ။ ၎င်းသည် မူလမြန်မာစကားလုံး၏ အစိတ်အပိုင်းများကို ထင်ဟပ်စေသည်

Let (လက်), Hwei (ဝှေ့)

“Let” ၏ နောက်ဆုံးစာလုံး t ကို အသံတိတ်ရပြီး၊ ၎င်းသည် စကားလုံး၏ ပထမဝဏ္ဏ၌ ပါဝင်သည်။

ဒုတိယဝဏ္ဏဖြစ်သော ‘Hwei’ နှင့် ပတ်သက်၍မူ၊ ထိုစကားလုံး၏ အစကို ‘w’ အသံအစား ‘hw’ အသံဖြင့် အသံထွက်ရန် လိုအပ်သည်။ ၎င်းသည် ‘way’, ‘wire’, ‘wall’ (ဝ အသံ) တို့နှင့် မတူဘဲ ‘whale’, ‘why’, ‘white’ (ဝှု အသံ) တို့၏ အစအသံနှင့် ဆင်တူနေရမည်ဖြစ်သည်။

သို့သော် အဓိကအကျဆုံး အသံထွက်အမှားမှာ စကားလုံး၏ အဆုံးသတ်တွင် ရှိနေသည်။

မြန်မာဘာသာစကားတွင် ‘Hwei’ (ဝှေ့) သည် တိုတောင်းပြီး ရုတ်တရက် ရပ်တန့်သွားသော အဆုံးသတ်ရှိသည်။ ၎င်းသည် အသံဆွဲခြင်း သို့မဟုတ် ရှည်ထွက်ခြင်းမျိုး မဟုတ်ပါ။ ဘာသာဗေဒအရ ၎င်းတွင် လည်ချောင်းအတွင်း၌ ရုတ်တရက် ပိတ်သွားသော အသံ (glottal stop) လိုအပ်သည့် ဝဏ္ဏသံပါရှိသည်။ အင်္ဂလိပ်စကားပြောသူများအတွက် အနီးစပ်ဆုံး မှန်းဆနိုင်သည့် နည်းလမ်းမှာ “uh-oh” ဟူသော စကားစု၏ အလယ်တွင် အသံကို ရုတ်တရက် ဖြတ်လိုက်သည့်ပုံစံဖြစ်သည်။ ဗျည်းသံသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခြင်းမရှိဘဲ လုံးဝ ရပ်တန့်သွားရမည်ဖြစ်သည်။

ရလဒ်အနေဖြင့် မြန်မာအသံထွက်နှင့် နီးစပ်ရန် ကြိုးစားနေသူတစ်ဦးအတွက် အောက်ပါအတိုင်း စဉ်းစားခြင်းဖြင့် ပိုမိုနီးစပ်သော အသံထွက်ကို ရရှိမည်ဖြစ်သည်။

Leth-Wayyyyy အစား
Let-Hway (အသံကို “ay” နေရာ၌ ချက်ချင်းရပ်လိုက်၍)

မည်သည့် အင်္ဂလိပ်စာလုံးပေါင်းကမှ မူလမြန်မာအသံထွက်ကို ပြီးပြည့်စုံစွာ မဖမ်းယူနိုင်ပါ။ သို့သော် ဝဏ္ဏအပိုင်းအခြား မည်သည့်နေရာတွင် ရှိသည်ကို နားလည်ပြီး၊ အဆိုပါစကားလုံးသည် ရုတ်တရက် ပြတ်သားစွာ အသံထွက်အဆုံးသတ်ရမည်ဖြစ်ကြောင်း သိရှိစေခြင်းက အသံထွက်ပိုမိုမှန်ကန်ရန် ကူညီပေးသည်။

ရောမအက္ခရာဖလှယ်ခြင်းသည် တိကျသော သိပ္ပံပညာရပ်တစ်ခု မဟုတ်ပါ။ စာလုံးပေါင်းတစ်ခုသည် မူလဘာသာစကား၏ အတိကျဆုံး သဒ္ဒဗေဒ ကိုယ်စားပြုမှု မဟုတ်သော်ငြားလည်း လက်ခံနိုင်သော စံသတ်မှတ်ချက်တစ်ခု ဖြစ်လာနိုင်သည်။

လက်ဝှေ့ ကို L-E-T-H-W-E-I ဟု စာလုံးပေါင်းရခြင်းမှာ ၎င်းသည် လက်ဝှေ့သမားများ၊ ပွဲစီစဉ်သူများ၊ သတင်းထောက်များ၊ အဖွဲ့အစည်းများနှင့် ပရိသတ်များအကြားတွင် နောက်ဆုံး၌ လွှမ်းမိုးလာခဲ့သော ရောမအက္ခရာဖလှယ်ခြင်း စာလုံးပေါင်း ပုံစံဖြစ်သောကြောင့် ဖြစ်သည်။

နောက်ဆုံးရ ခေါင်းစဉ်များ

သတင်း

လက်ဝှေ့ ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲ ၂၀၂၆၊ အမျိုးသားအဆင့် ချန်ပီယံဆု နှစ် (၃၀) ပြည့်

၂၀၂၆ ခုနှစ် လက်ဝှေ့ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲသည် မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် လက်ဝှေ့ချန်ပီယံဆု၏ နှစ် ၃၀ ပြည့် အထိမ်းအမှတ်ဖြစ်သည်။ ပြိုင်ပွဲ၏ ဝိတ်တန်း ၆ တန်း၊ ပါဝင်ယှဉ်ပြိုင်မည့် လက်ဝှေ့သမားများ၊ ကျင်းပမည့်ရက်နှင့်နေရာ၊ ပြိုင်ပွဲပုံစံနှင့် နှစ်မိနစ်အနားတောင်းခွင့်စည်းမျဉ်း ထည့်သွင်းအသုံးပြုလာမှုတို့ကို လေ့လာဖတ်ရှုနိုင်ပါသည်။
အင်တာဗျူး

ရွှေဝါထွန်း ဘယ်လိုဖြစ်တည်လာလဲ၊ သမန်းကျားကို ဘယ်လိုအနိုင်ယူခဲ့သလဲ –
ရိုးရာလက်ဝှေ့ရဲ့ ဂန္ထဝင် သထုံရွှေဝါထွန်းနှင့် တွေ့ဆုံခြင်း

ရိုးရာလက်ဝှေ့ဂန္ထဝင် ရွှေဝါထွန်းမှ ကျေးရွာပွဲများနှင့် အောက်ခြေအဆင့်ပြိုင်ပွဲများမှစ၍ သမန်းကျားကို အနိုင်ယူပြီး မြန်မာပြည်ချန်ပီယံဖြစ်လာသည့်အထိ သူ၏ ဖြတ်သန်းမှုခရီးစဉ်ကို ပြန်လည်ပြောပြထားပါသည်။
ဆောင်းပါး

လက်တင်ထားခြင်းဖြင့် လက်ဝှေ့တွင် နေရာထိန်းချုပ်ခြင်း

လက်ဝှေ့တွင် လက်တင်ထားခြင်းက သင့်ခေါင်းကို ကာကွယ်ပေးရုံထက်ပို၍ မည်သို့လုပ်ဆောင်ပေးသည်ကို လေ့လာပါ။

အထူးဖော်ပြပါဆောင်းပါးများ

ရိုးရာလက်ဝှေ့တွင် ဘယ်အရာများကို ပြုလုပ်ခွင့်တားမြစ်ထားသလဲ
လက်ဝှေ့တွင် မည်သည့်တိုက်ခိုက်မှုနည်းစနစ်များကို တားမြစ်ထားပါသလဲ
ဖတ်ရှုပါ
လက်ဝှေ့စည်းမျဉ်းအောက်တွင် မိုနာကီမူရာကို မည်သို့ရင်ဆိုင်ထိုးသတ်မလဲ

လက်ဝှေ့စည်းမျဉ်းများအောက်တွင် မိုနာကီမူရာ၏ ပြင်းထန်အားပါသော K-1 ဘေးကန်ချက်ကစားဟန်သည် ဘယ်လိုအလုပ်လုပ်မလဲ

ဖတ်ရှုပါ
လဲနေသူထူပေးပါ - လက်ဝှေ့တွင် ဘာကြောင့် မြေပြင်တိုက်ခိုက်ရေးနည်းစနစ်တွေ မပါဝင်လဲ

လက်ဝှေ့တွင် အဘယ်ကြောင့် မြေပြင်တိုက်ခိုက်ရေး မရှိရသည်ကို လေ့လာပါ။ လက်ဝှေ့၏ ဝိသေသလက္ခဏာအတွက် မတ်တပ်ရပ်တိုက်ခိုက်ရေးကို ဗဟိုချက်ဖြစ်စေခဲ့သည့် ယဉ်ကျေးမှုဆိုင်ရာ စည်းမျဉ်းများ၊ တိုက်ခိုက်မှုဆိုင်ရာ အတွေးအခေါ်များနှင့် တိုက်ပွဲမြေပြင်မှ အမြစ်တွယ်လာမှုများအကြောင်း ဖတ်ရှုကြည့်ပါ။

ဖတ်ရှုပါ
လက်ဝှေ့ဆိုသည်မှာ ကိုယ်ခံပညာ၊ တိုက်ခိုက်ရေးအားကစား၊ ယဉ်ကျေးမှုဓလေ့

"အင်္ဂါကိုးပါးအနုပညာ" ဟု လူသိများသည့် မြန်မာ့ရိုးရာလက်ဝှေ့အားကစားအကြောင်း လေ့လာလိုက်ပါ။ စည်းမျဉ်းများ၊ ထိုးသတ်ပုံစံ၊ နည်းစနစ်များနှင့် ယဉ်ကျေးမှုဆိုင်ရာ အရေးပါမှုများကို လမ်းညွှန်ချက်အပြည့်အစုံတွင် ဖတ်ရှုနိုင်ပါသည်။

ဖတ်ရှုပါ
ခေါင်းတိုက်ခြင်း၏ သိပ္ပံ - ကိုယ်ခန္ဓာလှုပ်ရှားမှုဗေဒ၊ အန္တရာယ်များနှင့် လက်ဝှေ့တွင် ခွင့်ပြုထားခြင်းအကြောင်း

မြန်မာ့လက်ဝှေ့ရှိ ခေါင်းတိုက်ခြင်း၏ နောက်ကွယ်မှ သိပ္ပံနည်းကျ အချက်အလက်များကို လေ့လာကြည့်ပါ။ ယင်း၏ ကိုယ်ခန္ဓာလှုပ်ရှားမှုဗေဒနှင့် နည်းဗျူဟာမြောက် အသုံးပြုပုံများမှစ၍ တိုက်ခိုက်သူများ အသုံးပြုချိန်တွင် ရင်ဆိုင်ရသည့် အစစ်အမှန် အန္တရာယ်များအထိ ပါဝင်ပါသည်။

ဖတ်ရှုပါ